ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်မှာ ကျင်းပနေတဲ့ ရေကျော်သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲနှင့် စျေးရောင်းပွဲတော်ရဲ့ ဒုတိယနေ့ဖြစ်တဲ့ အောက်တိုဘာ၂ရက်မှာ ပွဲတော်လာရောက်ကြသူတွေ ပထမနေ့ပိုမိုများပြားလာပါသည်။ရေကျော်ပွဲစျေးကို အောက်တိုဘာ ၁ ရက်ကနေ အောက်တိုဘာလ ၇ ရက်အထိ (၇) ရက်တိုင်တိုင်ကျင်းပနေတာဖြစ်ပြီးပွဲစျေးမှာ လာရောက်လည်ပတ်သူတွေ၊ ဈေးဝယ်သူတွေနဲ့ စည်ကားများပြားပြီး မြန်မာ့ရိုးရာ မုန့်ပဲသရေစာဆိုင်တွေ၊ အပျော်တမ်း ကစားနည်းတွေ၊ ကလေးကစားစရာ အရောင်းဆိုင်တွေ၊ အဝတ်အထည်၊ ဖိနပ်၊ အိတ်စတဲ့ အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်တွေနဲ့ ချား၊ ရဟတ်၊ အပျော်စီး ပင်လယ်ဓားပြလှေ စတာတွေကိုလည်း ထည့်သွင်းထားတာဖြစ်ပါသည်။
ရန်ကုန်တိုင်း၊ပုစွန်တောင်မြို့ရှိ ရေကျော်ပွဲဈေးလာရောက်သူ ပထမနေ့ထက် ပိုမိုများပြားလာ
Oct 03 • 2:39 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
9 | 0 | 0 | 0 |