သရုပ်ဆောင်နဲ့ အစီအစဥ်တင်ဆက်သူ သဇင်နွယ်ဝင်းက သူမနဲ့အတူ ခင်ပျိုမဒီ အစီအစဥ်မှာ အတူလက်တွဲခဲ့ကြတဲ့ သူငယ်ချင်းဖြစ်သူ ပရိုဂျူဆာမလေး နန်းမေမွန်မောင်ဟာ ရုတ်တရက် ကားမတော်တဆဖြစ်ပြီး ဆုံးပါးသွားတာကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ပြောလာခဲ့တာလည်းဖြစ်ပါတယ်။နန်းမေမွန်မောင် ဟာ သဇင်နွယ်ဝင်းရဲ့ ခင်မင်ရတဲ့ သူငယ်ချင်းတစ်ဦးလည်းဖြစ်ပြီး ခင်ပျိုမဒီ အစီအစဥ်မှာ နန်းမေမွန်မောင် က ပရိုဂျူဆာအနေနဲ့ တာဝန်ယူထားပြီး သဇင်နွယ်ဝင်းက အစီအစဥ်တင်ဆက်သူအဖြစ် ပူးပေါင်းလက်တွဲခဲ့ကြပါတယ်။အစီအစဥ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကောင်းထက်ဇော်ကလည်း သူနဲ့ ဆယ်စုနှစ်တစ်ခုနီးပါး လက်တွဲခဲ့တဲ့ ညီမလေး အောက်တိုဘာ ၂ရက်နေ့ညမှာ အခုလိုဖြစ်သွားတယ်ကြားလို့ ချက်ချင်းလိုက်သွားခဲ့ပေမယ့် အ သက်မမီခဲ့ဖူးလို့ စိတ်မကောင်းစွာ ပြောထားတာ တွေ့ရပါတယ်။အခြား အစီအစဥ်တင်ဆက်သူနဲ့ အခမ်းအနားမှူး ကျော်သူလင်းကလည်း သူလည်း ကြားကြားချင်း လိုက်သွားခဲ့ပေမယ့် သူလမ်းမှာရှိနေစဥ်မှာပဲ ဆုံးသွားပြီလို့ သိလိုက်ရလို့ တကယ့်ကို စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြောခဲ့ကြတာပဲ ဖြစ်ပါတယ်.။ကျော်သူလင်းက "သူငယ်ချင်းရယ် သတင်:ကြားကြားချင်း ငါ ဘယ်လိုမှမယုံနိုင်ဘူးဟာ
သဇင် ငိုပြီးဖုန်းဆက်တော့ ငါ ရင်တွေတု.န်ပြီး မဟုတ်ပါစေနဲ့ဆုတောင်းပေမယ့် မပြည့်ခဲ့တော့ဘူး ။ညကြီးသန်းခေါင် ဆေးရုံကိုအပြေးအလွှားလိုက်လာခဲ့ကြတာ ဆေးရုံတောင်မရောက်လိုက်ဘူး၊
အသတ်တောင်မမှီတော့ဘူးတဲ့ ပြီးခဲ့တဲ့တစ်ပတ်ကပဲ Time City မှာ ရုတ်တရက်တွေ့လို့ ဝမ်းတွေသာပြီး စကားတွေပြောခဲ့ကြသေးတာလေ. စိတ်ထားအရမ်းဖြူစင်တဲ့ငါ့သူငယ်ချင်းလေး ကောင်းရာဘုံဘဝရောက်ရှိပါစေဟာ" လို့ ပြောထားတာ တွေ့ရပါတယ်။


