စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် ကလေးဝ - မဟာမြိုင်လမ်းတွေမှာ မိုးများပြီး ကုန်ကားတွေရာချီပိတ်မိနေတာကြာမြင့်နေလို့ ကလေးမြို့ပေါ်မှာ လောင်စာဆီတွေအပြင် တခြားကုန်ပစ္စည်းတွေ ရှားပါးလာပြီး ဈေးတွေ တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ကလေးမြို့နယ် ၊ ပျဉ်းကိုင်းကျေးရွာအနီး ကလေးဝ - မဟာမြိုင်ကားလမ်းမှာ မိုးများကာ လမ်းတွေ ဗွက်နစ်တာကြောင့် ကုန်ကားအစီး ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့လောက်ကနေ ပိတ်မိနေတာတစ်လခန့် ကြာနေပြီဖြစ်တယ်လို့ သိရပါတယ်။ကလေး - ဂန့်ဂေါလမ်း၊ ကလေး - ယာကြီးလမ်းတွေ ပိတ်ထားတာ ၃ နှစ်ကျော်ရှိနေပြီဖြစ်ပြီး ကလေးဝ - မဟာမြိုင်လမ်းကနေသာ ကလေးမြို့နယ်၊ တမူးမြို့နယ်နဲ့ တခြားဒေသတွေအတွက် ကုန်စည်စီးဆင်းနေတဲ့ အဓိကကျတဲ့ ကားလမ်းမဖြစ်နေတာလည်းဖြစ်ပါတယ်။



