ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ မနေ့ အောက်တိုဘာလ (၁)ရက်နေ့ ညနေခင်း ၆ နာရီခန့်တွင် တောင်ကြီးတက္ကသိုလ်ရှေ့ လမ်းတွင် ကျောင်းသားတစ်ဦး ဆိုင်ကယ်မောင်းနှင်၍ဖုန်းပြော နေစဉ်ဖုန်းအားလုယူခံရခြင်းဖြစ်သည်။ထို့ပြင် ဖုန်းအပြင်၊ ဖုန်းကာဗာအတွင်းတွင်ထားရှိသော နိုင်ငံသားမှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်များလည်း ပါသွားကြောင်း ဖုန်းလုသွားသူ နှစ်ဦးသည် တစ်ကိုယ်လုံး အမဲရောင်အဝတ်ဝတ်ဆင်ထားပြီး၊ ၎င်းတို့စီးနေသည့် ယာဉ်မှာ ဘီးကြီးအမျိုးအစား ဆိုင်ကယ် ဖြစ်ကြောင်း သိရသည်။အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်နေ့တွင် ညနေ ၄ နာရီအချိန်၌အဝေးသင်တက္ကသိုလ် လာတက်သည့် ကျောင်းသားနှစ်ဦးသည် ဆိုင်ကယ်စီးရင်း ဖုန်းပြောနေစဉ် အမျိုးသားနှစ်ဦးက နောက်ယောင်ခံလိုက်ကာ ဖုန်းလုသွားသည့်ဖြစ်စဥ်မျိုးလည်းရှိခဲ့သည်။



