မန္တလေးတိုင်း၊ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်းမြို့နယ်က မုန်တိုင်နှင့်ကြက်မောက်တောင်ဆည်များ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကားလမ်းများပိတ်ဆို့မှုဖြစ်ပွားေနပါတယ်။ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ရေများပြည့်လျှံကာ မိတ္ထီလာ - ကျောက်ပန်းတောင်းကားလမ်းပေါ်ကိုရေဖုံးလွှမ်းခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါရေကြီးရေလျှံမှုမှာ နှစ်ပေါင်း ၅၀ အတွင်းအဆိုးရွားဆုံးဖြစ်စဥ်တစ်ခုဖြစ်ပြီး ကားလမ်းရေကျော်မှုကြောင့် ရာနှင့်ချီသောကားများမှာ ရေလွတ်ရာနေရာတွင်ရပ်တန့်စောင့်ဆိုင်းနေရပါတယ်။
မန္တလေးတိုင်းကြက်မောက်တောင်ဆည်နဲ့ မုန်တိုင်ဆည်ရေလျှံမှုကြောင့် မိတ္ထီလာ - ကျောက်ပန်းတောင်းကားလမ်းပိတ်နေ
Oct 02 • 7:50 AM
မြန်မာ
မန္တလေး
မျှဝေမည်
7 | 0 | 0 | 0 |