ရန်ကုန်မြို့၊ ရေကျော်ပွဲစျေး စတင်သည့်ရက်၌ပင် လာရောက်သူများပြား

Oct 02 • 7:32 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်မြို့၊ ရေကျော်ပွဲစျေး စတင်သည့်ရက်၌ပင် လာရောက်သူများပြား

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမကြီးပေါ်တွင် ကျင်းပနေသည့် ရေကျော်ပွဲစျေးတွင် စတင်ကျင်းပရာ အောက်တိုဘာ ၀၁ ရက် ညပိုင်း၌ လာရောက်လည်ပတ်သူ အများအပြားရှ...

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမကြီးပေါ်တွင် ကျင်းပနေသည့် ရေကျော်ပွဲစျေးတွင် စတင်ကျင်းပရာ အောက်တိုဘာ ၀၁ ရက် ညပိုင်း၌ လာရောက်လည်ပတ်သူ အများအပြားရှိနေပါသည်။အဆိုပါ ပွဲစျေးသည် ရန်ကုန်မြို့၏ သီတင်းကျွတ်နှင့်အတူ ထင်ရှားသောပွဲစျေးလည်းဖြစ်ပြီး ပွင့်လင်းရာသီကာလ ပွဲစျေးများအနက်တွင် နှစ်စဉ်ပထမဆုံးစတင်ကျင်းပလေ့ရှိတတ်သည့် ပွဲစျေးလည်းဖြစ်သည်။ ပွဲစျေးကို ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရေကျော်လမ်းမကြီးနှင့် ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် စျေးဆိုင်များဖွင့်ကာခင်းကျင်းရောင်းချလေ့ရှိပြီး ယခုနှစ်တွင် အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ ကျင်းပရန်စီစဉ်ထားတာဖြစ်ပါသည်။လက်ရှိတွင် မြန်မာ့ရိုးရာ မုန့်ပဲသရေစာဆိုင်များ၊ တိုင်းရင်းသားရိုးရာ စားသောက်ဖွယ်ရာဆိုင်များ၊ အပျော်တမ်းကစားနည်းများ၊ ကလေးကစားစရာဆိုင်များ၊ အဝတ်အထည်ပစ္စည်းအရောင်းဆိုင်များ၊ ချား၊ ရဟတ်၊ အပျော်စီး ပင်လယ်ဓားပြလှေ စသည်ဖြင့် ဖွင့်လှစ်ထားကြ‌ပြီး ပွဲစျေးပထမဆုံး စတင်သည့်ည၌ပင် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေပါသည်။

news-view-count-icon

15