ဧည့်မထ/ ငစိန်ထက် ပြည်ပဈေးကွက် လိုအပ်သည့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရန် ဆန်စပါးအသင်းချုပ် (MRF) ကတိုက်တွန်း

Oct 02 • 7:02 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဧည့်မထ/ ငစိန်ထက် ပြည်ပဈေးကွက် လိုအပ်သည့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရန် ဆန်စပါးအသင်းချုပ် (MRF) ကတိုက်တွန်း

၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး နိုင်ငံတကာဈေးကွက်မှာ ဆန်ဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် ပြည်ပကို တင်ပို့တဲ့ ဧည့်မထ/ ငစိန်စပါးမျိုးများမှာ အမျိုးအစား/ အရည်အသွေးပေါ်...

၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး နိုင်ငံတကာဈေးကွက်မှာ ဆန်ဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် ပြည်ပကို တင်ပို့တဲ့ ဧည့်မထ/ ငစိန်စပါးမျိုးများမှာ အမျိုးအစား/ အရည်အသွေးပေါ် အခြေခံကာ ဈေးနှုန်းကွာခြားမှုရှိတာကြောင့် ပြည်တွင်း/ ပြည်ပဈေးကွက်မှ လိုအပ်တဲ့ စပါးမျိုးတွေကို ရွေးချယ်စိုက်ပျိုးကြဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က တိုက်တွန်းပါတယ်။

တောင်သူတွေအနေနဲ့ တစ်ဦးတစ်ယောက်ခြင်း ကွင်းဝယ်လက်များ၊ အကျိုးဆောင်များကို ရောင်းချခြင်းထက် တောင်သူတွေ စုပေါင်းပြီး ဆန်စက်များ၊ ကုမ္ပဏီများထံ တိုက်ရိုက်ညှိနှိုင်း တင်ပို့ရောင်းချခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ဈေးနှုန်းပိုမို ရရှိနိုင်ပါတယ်။မိမိတို့ ဒေသအသီးသီးက ဆန်စက်များ၊ ဆန်/ ဆန်ကွဲတင်ပို့တဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ကန်ထရိုက်လယ်ယာစနစ်/ အာမခံဈေးနှုန်းစနစ်နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း ဆန်စပါးအသင်းချုပ်က အကြံပြုထားပါတယ်။ပူးပေါင်းဆောင်ရွက်လိုတဲ့ တောင်သူတွေအနေနဲ့ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ချက်ရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို ဆက်သွယ်ဖို့လည်း ကြေညာထားပါတယ်။လတ်တလော စိုက်ပျိုးထုတ်လုပ်ထားတဲ့ ဧည့်မထ/ ငစိန် စပါးမျိုးတွေ ရောင်းချရာမှာ အခက်အခဲရှိရင်ဖြစ်စေ၊ သင့်တင့်မျှတတဲ့ ဈေးနှုန်းမရရှိရင်ဖြစ်စေ ဒေသအသီးသီးက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဒေသကော်မတီတွေ၊ ညီနောင်အဖွဲ့အစည်းတွေ၊ အသင်းချုပ်ကို တိုက်ရိုက်ဖြစ်စေ ဆက်သွယ်ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော် အသိပေးထားပါတယ်။ပြည်တွင်းဆန်စပါးဈေးကွက်အတွင်း အချို့ဒေသတွေမှာ ကောက်စောစပါးတွေ စတင်ပေါ်ထွက်နေပြီဖြစ်လို့ စပါးစိုက်တောင်သူများအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေနဲ့ စပါး/ ဆန် ဝယ်ယူရေးများကို ဆောင်ရွက်ဖို့ ညီနောင်အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ ကုမ္ပဏီများ၊ ဆန်စက်များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


news-view-count-icon

44