သီတင်းကျွတ်ရေေကျာ်ပွဲဈေးကို အောက်တိုဘာ ၁ ရက်နေ့မှ ၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်မှာ ကျင်းပလျက်ရှိပါတယ်။ ရန်ကုန်မြို့က ပြည်သူတွေ အများအပြားလာရောက်လည်ပတ်လေ့ရှိတဲ့ ဈေးပွဲတော်တစ်ခုလည်းဖြစ်သလို မုန့်ဆိုင်တန်းများ၊ ကစားစရာရောင်းချသည့် ဆိုင်ခန်းများ၊ အပျော်ဆော့ကစားနိုင်သည့် နေရာများအပြင် ဖျော်ဖြေရေးများလည်းပါဝင်ပါတယ်။