တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ရှေးဟောင်းစာအုပ်များကာကွယ်ထိန်းသိမ်းရေးအတွက် ဒေသန္တရဥပဒေ ထုတ်ပြန်

Oct 02 • 3:12 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ရှေးဟောင်းစာအုပ်များကာကွယ်ထိန်းသိမ်းရေးအတွက် ဒေသန္တရဥပဒေ ထုတ်ပြန်

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်တွင် ရှေးဟောင်းစာအုပ်များ ကာကွယ်ထိန်းသိမ်းခြင်းနှင့် အသုံးပြုခြင်းတို့ကိုရည်ညွှန်းသည့် နိုင်ငံ၏ ပထမဆုံးဒေသန္တရဥပဒေမ...

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်တွင် ရှေးဟောင်းစာအုပ်များ ကာကွယ်ထိန်းသိမ်းခြင်းနှင့် အသုံးပြုခြင်းတို့ကိုရည်ညွှန်းသည့် နိုင်ငံ၏ ပထမဆုံးဒေသန္တရဥပဒေများကို အတည်ပြုခဲ့ကြောင်း စီချွမ်းပြည်နယ် ပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီက စက်တင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။အဆိုပါဥပဒေသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်သက်ရောက်မည်ဖြစ်သည်။ရှေးဟောင်းစာအုပ်များအတွက် အဓိကပြည်နယ်တစ်ခုဖြစ်သည့် စီချွမ်းသည် ဟန့်တရုတ်ရှေးဟောင်းစာအုပ်ပေါင်း ၁.၈၇ သန်း အပါအဝင် လူနည်းစုတိုင်းရင်းသား ရှေးဟောင်းစာအုပ်များ ခန့်မှန်းခြေအားဖြင့် အုပ်ရေ ၅၀၀,၀၀၀ ခန့် ရှိသည့် ကြီးမားကျယ်ပြန့်သည့်စုဆောင်းထားရှိကြောင်း သိရသည်။ ထိုစာအုပ်များအနက် ၂၄၆ အုပ်ကို နိုင်ငံတော်၏ အဖိုးတန် ရှေးဟောင်းစာအုပ်များ စာရင်းတွင် ထည့်သွင်းထားတာဖြစ်သည်။

news-view-count-icon

4