တရုတ်ထိုင်ဝမ်ရှိ MRT‌တွင် အကန်ခံရတဲ့ အသက် ၇၃ နှစ်အရွယ် ထိုင်ဝမ်အမျိုးသမီး ခိုးမှုဝရမ်းနဲ့ အဖမ်းခံရ

Oct 02 • 1:34 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်ထိုင်ဝမ်ရှိ MRT‌တွင် အကန်ခံရတဲ့ အသက် ၇၃ နှစ်အရွယ် ထိုင်ဝမ်အမျိုးသမီး ခိုးမှုဝရမ်းနဲ့ အဖမ်းခံရ

ထိုင်ဝမ်တွင်လွန်ခဲ့တဲ့ရက်ပိုင်းကမှ Taipei Metro (MRT) ရထားပေါ်မှာ ခရီးသည်တစ်ဦးရဲ့ ကန်ကျောက်ခြင်းကို ခံခဲ့ရတဲ့ အဲဒီအမျိုးသမီးဟာ ယမန်နေ့ အောက်တိုဘာလ ၁ ရက်၊ ၂၀၂၅ မ...

ထိုင်ဝမ်တွင်လွန်ခဲ့တဲ့ရက်ပိုင်းကမှ Taipei Metro (MRT) ရထားပေါ်မှာ ခရီးသည်တစ်ဦးရဲ့ ကန်ကျောက်ခြင်းကို ခံခဲ့ရတဲ့ အဲဒီအမျိုးသမီးဟာ ယမန်နေ့ အောက်တိုဘာလ ၁ ရက်၊ ၂၀၂၅ မနက်ပိုင်းမှာပဲ ထိုင်ပေ (Taipei) မြို့၊ Yanping North Road ပေါ်က ကုန်စုံဆိုင်တစ်ဆိုင်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါသည်။ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗီဒီယိုတွေထဲမှာ သူမဟာ MRT ရထားပေါ်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေနဲ့ လွယ်အိတ်ကိုပဲ လွယ်ထားတာ တွေ့ရသည်။ထိုအမျိုးသမီးဟာ ၂၀၂၃ ခုနှစ်ကတည်းက ဆိုင်ခိုးမှု (shoplifting) တွေနဲ့ အဖမ်းခံရပြီး ထောင်ကျဖူးတဲ့ ပြစ်မှုမှတ်တမ်းဟောင်းတွေရှိ‌ေနပြီး ဒီအကြိမ်မှာတော့ သူမဟာ ဇွန်လ က ခိုးမှုနဲ့ ထောင်ဒဏ် ၅၅ ရက် ချမှတ်ခံခဲ့ရပေမဲ့ ထောင်ထဲဝင်ရောက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ထားခဲ့တာ ဖြစ်ပါသည်။

news-view-count-icon

4