ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ မြို့မတောင်ရပ်ကွက်တွင် ယနေ့ ညနေ ၄ နာရီခန့်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၅) လုံး မီးလောင်ပြာကျ ပျက်စီးသွားကြောင်း သိရသည်။မီးလောင်ကျွမ်းမှုသည် အားရှင်းအလှပြင်ဆိုင် တန်းမှ စတင်ခဲ့ပြီး မီးအားပြင်းထန်မှုကြောင့် အိမ်ငါးလုံး ဆက်တိုက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။မီးလောင်မှုဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များ၊ အနီးပတ်ဝန်းကျင်မှ ဒေသခံမြို့သူမြို့သားများနှင့် အနီးနားရှိ ကျေးရွာများမှ အကူအညီများ စုပေါင်းရောက်ရှိလာပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ညနေ ၅ နာရီခန့်တွင် မီးကို ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့သည်။မီးလောင်မှုကြောင့် လူအသေအပျောက်မရှိသော်လည်း နေအိမ်ငါးလုံးပြာကျခဲ့ပြီး ပစ္စည်းများစွာ ဆုံးရှုံးခဲ့သည်။



