ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ ဘူတာအနောက်ကျောလမ်းတစ်နေရာတွင် ယနေ့ညနေပိုင်း၌ မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။မီးလောင်မှုသည် ပြင်းထန်သောကြောင့် အနီးအနားရှိ အိမ်များသို့ပါ ဆက်လက်ကူးစက်လောင်ကျွမ်းနေပြီး၊ မီးလောင်ရာနေရာသည် ဇမ္ဗူယစ်ဆိုင်နှင့် အားရှင်းဆိုင် ဘက်အခြမ်းတွင်ဖြစ်ကြောင်း သိရသည်။
ဒေသခံများ၏ ဖော်ပြချက်အရ မီးလောင်မှုမှာ အလွန်အမင်း ပြင်းထန်နေပြီး မီးသတ်ယာဉ်များပင် ထိန်းချုပ်ရန် ခက်ခဲနေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုမူ အသေးစိတ်မသိရသေးပေ။



