မိုးများပြီး ရေစီးကြမ်းကာ ရေတက်ခဲ့လို့ ရန်ကုန် - ပုဂံ ရထားလမ်းမှာရှိတဲ့ တံတားစင်းရဲ့အလယ်ကွန်ကရစ်တိုင်တခု နိမ့်ကျွံကျသွားတာကြောင့် ရန်ကုန် - ပုဂံ ရထားခရီးစဉ်ကိုယာယီ ရပ်နားထားလိုက်ရတယ်လို့ ပုဂံဘူတာ တာဝန်ရှိသူက ပြောပါတယ်။တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးရွာအနီးရှိ ဝက္ကသေးဘူတာအနီးက ရန်ပယ်ရထားသံလမ်းတံတားရဲ့ ကွန်ကရစ်အလယ်တိုင် စက်တင်ဘာ ၃၀ ရက်နေ့က နိမ့်ကျသွားတာဖြစ်ပြီး ရေကျချိန်မှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ရေကျသွားချိန်မှသာ ရထားလမ်းကိုပြင်ဆင်နိုင်မှာဖြစ်တဲ့အတွက် သီတင်းကျွတ် ရုံးပိတ်ရက်ကာလမှာ ရထားပြန်လည်ပြေးဆွဲနိုင်ခြင်းရှိမရှိက ရာသီဥတုအပေါ်မူတည်နေတာကြောင့် ပြန်ဖွင့်မယ့်ရက်ကိုအတိအကျ ပြောနိုင်တဲ့အခြေအနေမရှိသေး ဘူးလို့သိရပါတယ်။ ရန်ကုန် - ပုဂံ ရထားကတော့ တပတ်မှာ အစုန် အဆန် တကြိမ်သာ ပြေးဆွဲပြီး အပတ်စဥ် ရန်ကုန်ကနေ သောကြာနေ့ညနေ ၄ နာရီ ၁၅ မှာထွက်ရှိပြီး ပုဂံကနေ အပတ်စဥ် အင်္ဂါနေ့ညနေ ၄ နာရီ ၁၅ မှာ ရထားထွက်တာဖြစ်ပါတယ်။ တိုင်းအစိုးရကတော့ ရေကျပါက ရထားသံလမ်းကို ရထားယာယီဖြတ်သန်းလို့ရအောင်ပြုပြင်ပြီး သီတင်းကျွတ်ကာလပြေးဆွဲနိုင်ရေး ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
ရန်ကုန် - ပုဂံ ရထားလမ်းက တံတားတိုင်ကျွံကျလို့ ခရီးစဉ်တွေ ရပ်နားထားရပြီး ပြေးဆွဲနိုင်မယ့်ရက် မသေချာသေး
Oct 01 • 6:19 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
8 | 0 | 0 | 0 |