မန္တလေးတိုင်းအမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၌ သီတင်းကျွတ်ပွဲတော်ကျင်းပမည်

Oct 01 • 4:51 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းအမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၌ သီတင်းကျွတ်ပွဲတော်ကျင်းပမည်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၌ မီးရောင်စုံအလှများအလှဆင်၍ အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၇ ရက်အထိ သီတင်းကျွတ်ပွဲတော်က...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၌ မီးရောင်စုံအလှများအလှဆင်၍ အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၇ ရက်အထိ သီတင်းကျွတ်ပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကာလအတွင်း၌ မွန်းလွဲ ၂ နာရီမှ ည ၉ နာရီအထိအား နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် ဟဲလေး၊ ထွန်းထွန်း၊ ဟန်ထွန်း၊ ပူစူး၊ ဖြိုးမြတ်အောင်၊ ချစ်ဇွဲသာ၊ ပိုင်ပိုင်၊ ခွန်းဝတီပြည့်၊ သော်တာချမ်းမြေ့နှင့် ပြင်ဦးလွင်မြို့မှတေးသံရှင်များက သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် DJ ပညာရှင်များဖြစ်သော Axel, 9Nine, Kylo, Diary, Joely, Barni, Zorro, Valatino, AXN နှင့် MC HULK တို့မှလည်း ဖျော်ဖြေတင်ဆက်မှုများပြုလုပ်သွားမည်ဖြစ်ကာ စားသောက်ဆိုင်များနှင့် ပြင်ဦးလွင်ဒေသထွက်ပစ္စည်းများဝယ်ယူနိုင်ရန် Night Bazaar တို့ကိုလည်းစီစဉ်ထားကြောင်း သိရသည်။


news-view-count-icon

5