မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု အုန်းနှဲရေအရှေ့ ကျေးရွာတွင်ရှိသည့်ရှစ်ထပ်ရေတံခွန်ဖြစ်စဥ်မှ အမေရိကန်သူရုပ်အလောင်း ထပ်မံတွေ့ရှိခဲ့

Oct 01 • 3:44 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု အုန်းနှဲရေအရှေ့ ကျေးရွာတွင်ရှိသည့်ရှစ်ထပ်ရေတံခွန်ဖြစ်စဥ်မှ အမေရိကန်သူရုပ်အလောင်း ထပ်မံတွေ့ရှိခဲ့

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု အုန်းနှဲရေအရှေ့ ကျေးရွာတွင်ရှိသည့်ရှစ်ထပ်ရေတံခွန်ခရီးသွားငါးဦးပြုတ်ကျမှုဖြစ်စဥ်မှ ပျောက်ဆုံးနေသူအမ...

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု အုန်းနှဲရေအရှေ့ ကျေးရွာတွင်ရှိသည့်ရှစ်ထပ်ရေတံခွန်ခရီးသွားငါးဦးပြုတ်ကျမှုဖြစ်စဥ်မှ ပျောက်ဆုံးနေသူအမျိုးသမီးနှစ်ဦးအနက် အမေရိကန်သူ၏သေဆုံးရုပ်အလောင်းအား ယမန်နေ့တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး)မှသိရသည်။ယမန်နေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေစဥ် နေ့လယ်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၄င်းအဖွဲ့ကသတင်းထုတ်ပြန်သည်။

ရှစ်ထပ်ရေတံခွန်ရဲ့အောက် သုံးထပ်ရေတံခွန်မှာအလောင်းပြန်ရတယ်၊ သက်ဆိုင်ရာကျောင်း(ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်း)ဆီက အမေရိကန်သူလို့အတည်ပြုချက်ရတယ်၊ အုန်းချောစေတနာမွန်အသင်းကားနဲ့ ပြင်ဦးလွင်ဆေးရုံကြီးရင်ခွဲရုံပို့ထားပါတယ်” ဟု ၄င်းအဖွဲ့တာဝန်သူတစ်ဦးကပြောသည်။ပျောက်ဆုံးနေသူနောက်ထပ်တစ်ဦးကိုတော့ ရှာဖွေကယ်ဆယ်ရေးဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။

news-view-count-icon

7