မြန်မာပြည်တွင်းဈေးများရှိ ယနေ့အတွက် ကြက်သား၊ဝက်သားဈေးနှုန်းများ

Oct 01 • 3:43 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်းဈေးများရှိ ယနေ့အတွက် ကြက်သား၊ဝက်သားဈေးနှုန်းများ

မြန်မာပြည်တွင်းဈေးများတွင် ဝက်သားဈေးများက ပုံမှန်အမြင့်ဈေးများဖြင့် ဈေးငြိမ်လျက်ရှိသည်။ ဝက်သားသုံးထပ်သား တစ်ဆယ် သား ၃,၅၀၀-၃,၆၀၀ ကျပ်၊ တချို့ဈေးများတွင် ဝက်သားသု...

မြန်မာပြည်တွင်းဈေးများတွင် ဝက်သားဈေးများက ပုံမှန်အမြင့်ဈေးများဖြင့် ဈေးငြိမ်လျက်ရှိသည်။ ဝက်သားသုံးထပ်သား တစ်ဆယ် သား ၃,၅၀၀-၃,၆၀၀ ကျပ်၊ တချို့ဈေးများတွင် ဝက်သားသုံးထပ်သား တစ်ဆယ်သား ၃,၇၀၀ ကျပ်ဈေးရှိသည်။ အချို့ဈေးများတွင် ဝက်သားသုံးထပ်သားနှင့် ဝက်ပေါင်သားတစ်ဆယ်သား ၃,၃၀၀-၃,၄၀၀ ကျပ်ဈေးဖြင့် စားသုံးသူ များကြသည်။ ဝက်လက်တစ်ဆယ်သား ၂,၉၀၀ ကျပ်၊ ဝက်နံရိုးတစ်ဆယ်သား ၂7၉၀၀ ကျပ်၊ ဝက်နံရိုးနုတစဆယ်သား ၃,၅၀၀ ကျပ်၊ ဝက်ကုတ်သား တစ်ဆယ်သား ၃,၀၀၀ ကျပ်၊ ဝက်လက်တစ်ဆယ်သား ၃,၀၀၀ ကျပ်၊ ဝက်ခေါင်းသား တစ်ဆယ်သား ၃,၀၀၀ ကျပ်ဈေးများရှိကြသည်။ကြက်သားဈေးများလည်း ပုံမှန်အတိုင်းရှိပြီး စီပီကြက်ပေါင်တစ်ပိုင်း ၄,၀၀၀ ကျပ်၊ ကြက်ရင်ပုံတစ်ပိုင်း ၆,၀၀၀ ကျပ်ဈေးများဖြင့် ရောင်းချသူများကြသည်။ ကြက်နီမတစ်ခြမ်း ၈,၀၀၀ ကျပ်ဈေးဖြင့် ရောင်းချသူများလည်းရှိ သည်။စီပီကြက်သား တစ်ဆယ်သား ၂,၃၀၀ ကျပ်ဈေးရှိပြီး ကြက်နီမတစ်ဆယ်သား ၂,၄၀၀-၂,၅၀၀ ကျပ်ဈေးဖြင့် ဈေးပြန်ကျသည်။  ဗမာကြက်ကတော့ တစ်ဆယ်သား ၃,၅၀၀-၃,၇၀၀ ကျပ်ဈေးတို့ဖြင့် ပုံမှန်အမြင့်ဈေးအတိုင်းရှိသည်။

news-view-count-icon

61