ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်က ကားရေဆေးဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတစ်ယောက်က စက်တင်ဘာလ ၂၉ ရက်က ကားလာဆေးတဲ့ ဖောက်သည်တစ်ယောက်ရဲ့ ပစ်ကပ်ကားကို မောင်းကာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို မတော်တဆ တိုက်မိတာကြောင့် အတိုက်ခံရသူ သေဆုံးသွားခဲ့တာဖြစ်ပါသည်။ထိုဖြစ်စဉ်ကို မှတ်တမ်းယူထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ကား ရေဆေးဆိုင်ရှိလူများက ပစ်ကပ်ကားကို အတိုက်ခံရသူဆီကနေ ဆွဲထုတ်ဖို့ ကြိုးစားနေကြပြီး ကားကို ရေဆေးတဲ့စင်ပေါ်မှာ ရပ်ထားတုန်း ရှေ့ဘီးနှစ်ဘီးလုံးက ချော်ကျသွားပြီး ထိုလူကို နံရံနဲ့ဖိကြိတ်မိခဲ့တာ ဖြစ်ပါသည်။နောက်ပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့ကို အခင်းဖြစ်ပွားရာနေရာကို ခေါ်ယူခဲ့ရပြီး ဘီးခြောက်လုံးပါတဲ့ ကားတစ်စီးသုံးပြီးမှ ပစ်ကပ်ကားကို စင်ပေါ်ပြန်တင်နိုင်ခဲ့တာလည်းဖြစ်ပါသည်။ထိုဖြစ်စဉ်ဟာ ချွန်ဘူရီခရိုင်၊ Ban Bueng မြို့နယ်၊ Soi Withun Damri 6 လမ်းက ကားရေဆေးဆိုင်တစ်ခုမှာ နေ့လယ် ၁ နာရီခွဲလောက်က ဖြစ်ပွားခဲ့ကာသေဆုံးသူဟာ ထိုဆိုင်က မြန်မာအလုပ်သမားတစ်ဦးဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် Su Thwe Aw (ဆုထွေးအောင်)ဖြစ်ကာ ခြေထောက်မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့တာဖြစ်ပါသည်။ရဲတပ်ဖွဲ့ကတော့ နှစ်ဖက်စလုံးအတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောခဲ့ပါသည်။
ထိုင်းနိုင်ငံ၊ချွန်ဘူရီရှိ ကားရေဆေးဆိုင်တွင် မြန်မာ အလုပ်သမားက မတော်တဆ ကားနဲ့ တိုက်မိလို့ လုပ်ဖော်ကိုင်ဖက် မြန်မာသေဆုံး
Oct 01 • 2:11 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
7 | 0 | 0 | 0 |