ရှမ်းပြည်နယ်၊ လင်းခေးမြို့တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် လမ်းမများတွင် ရေကျော်နေ

Oct 01 • 2:09 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ လင်းခေးမြို့တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် လမ်းမများတွင် ရေကျော်နေ

ရှမ်းပြည်နယ်၊လင်းခေမြို့နယ်တွင် ယမန်နေ့ ည‌နေပိုင်းတွင် မိုးသည်းထန်းစွာရွာသွန်းမှုဖြစ်ပွားပြီး ပုန်းထွန်ကျေးရွာအုပ်စု၊ ပန်ပေါင်းကျေးရွာအနီးရှိ ရေကျော်လျက်ရှိသော ...

ရှမ်းပြည်နယ်၊လင်းခေမြို့နယ်တွင် ယမန်နေ့ ည‌နေပိုင်းတွင် မိုးသည်းထန်းစွာရွာသွန်းမှုဖြစ်ပွားပြီး ပုန်းထွန်ကျေးရွာအုပ်စု၊ ပန်ပေါင်းကျေးရွာအနီးရှိ ရေကျော်လျက်ရှိသော လမ်းပိုင်းနေရာ၌ ယာဉ်အမြင့်များသာ ဖြတ်သန်းသွားနိုင်ပြီး၊ ယာဉ်ငယ်များ သွားလာနိုင်ခြင်းမရှိဖြစ်ခဲ့ပါသည်။ထို့ကြောင့် ယာဉ်သွားလာမှု ပြတ်တောက်မှု မရှိစေရေးအတွက် လင်းခေးခရိုင်၊ မြို့နယ် မီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ယာဉ်ကြီး၊ ယာဉ်ငယ်များ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ခဲ့ပါသည်ဟု ‌တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

news-view-count-icon

25