ရန်ကုန်မြို့၊တာမွေမြို့နယ်၊သံလမ်းမှတ်တိုင်အနီး လေးတောင့်ကန်လမ်းနဲ့ပင်ရွှေညောင်လမ်းထောင့်အနီးမှာ ဒီကနေ့ စက်တင်ဘာ ၃ဝ ရက်၊နံနက်အစောပိုင်းအချိန်က ဈေးကြိုလာတဲ့ကားအပါဝင် ယာဉ် ၄ စီးဆင့်တိုက်မှုဖြစ်လို့ လူကိုးယောက် ဒဏ်ရာရခဲ့ပါတယ်။ယခုယာဉ် ၄ စီးဆင့်တိုက်မှုဖြစ်စဉ်မှ မစိုးရိမ်ရလူနာ ၉ ယောက်ကိုစံပြဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့လူမှုကူညီရေးသမားတွေကပြောပါတယ်။ဒါ့အပြင်ဈေးကြိုကားရဲ့ကားခေါင်းခန်းထဲပိတ်မိနေသူယာဥ်မောင်းကိုလည်းမီးသတ်တပ်ဖွဲ့ကခက်ခက်ခဲခဲကယ်ဆယ်ပေးခဲ့ရပါတယ်။ယာဉ်တိုက်မှုဖြစ်စဥ်ကြောင့်အမျိုး သားလူနာ ၂ ယောက်၊အမျိုးသမီးလူနာ ၇ ယောက်ရှိခဲ့ကာသူတို့ကို စံပြဆေးရုံကြီးသို့လူမှုကူညီရေးအသင်းတွေရဲ့လူနာတင်ယာဉ်တွေနဲ့ပို့ဆောင်ပေးခဲ့ပါတယ်။



