ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေဘုရားပွဲသို့ လာရောက်လည်ပတ်သူတချို့ ဖုန်းနှင့်တန်ဖိုးကြီးပစ္စည်းများ ခိုးခံရ

Sep 30 • 7:14 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေဘုရားပွဲသို့ လာရောက်လည်ပတ်သူတချို့ ဖုန်းနှင့်တန်ဖိုးကြီးပစ္စည်းများ ခိုးခံရ

ညောင်ရွှေမြို့နယ် ဖောင်တော်ဦးဘုရား ညောင်ရွှေမြို့သို့ ရောက်လာစဥ် လာရောက်လည်ပတ်သူတချို့ဖုန်းနှင့် တန်ဖိုးကြီးပစ္စည်းများ အခိုးခံရကြောင်းလည်ပတ်သူများထံမှ သိရသည်။...

ညောင်ရွှေမြို့နယ် ဖောင်တော်ဦးဘုရား ညောင်ရွှေမြို့သို့ ရောက်လာစဥ် လာရောက်လည်ပတ်သူတချို့ဖုန်းနှင့် တန်ဖိုးကြီးပစ္စည်းများ အခိုးခံရကြောင်းလည်ပတ်သူများထံမှ သိရသည်။ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ဖောင်တော်ဦးဘုရား ညောင်ရွှေမြို့သို့ရောက်လာစဥ် ညောင်ရွှေဘုရား ဈေးပွဲတော်တွင် သူခိုးများအခွင့်ကောင်းယူ၍ လာရောက်လည်ပတ်သူ၏ ဖုန်းနှင့် တန်ဖိုးကြီးပစ္စည်းများ ခိုးနေကြသည်။

ဈေးပွဲတော်အား ၃ ရက်ကျင်းပစဥ်အတွင်း လူစုလူဝေးများကာ ပွဲသို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လာရောက်လည်ပတ်သူများ၏ ဖုန်းအပြင် ရွှေဆွဲကြိုးများလည်း ခိုးခံရကြောင်း သိရသည်။ယခုခေတ်တွင် လူအများစု စုစည်းနေသော နေရာတိုင်းတွင် ခိုးဆိုးမှုများ ပြင်းထန်နေပြီး၊ သူခိုးများသည် ပွဲတော်အချိန် လူစုလူဝေးများကို အခွင့်ကောင်းယူကာ ခိုးမှုများ ပိုမိုဖြစ်ပေါ်နေသည်။

ညောင်ရွှေမြို့ ဖောင်တော်ဦးဘုရားပွဲသည် စက်တင်ဘာလ (၂၈)ရက်မှ (၃၀)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါတယ်။

news-view-count-icon

8