စစ်ကိုင်းတိုင်းတွင် သီတင်းကျွတ် လပြည့်နေ့ ၊အောက်တိုဘာလ ၆ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ အချိန်တွင် မုံရွာမြို့ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲနှင့် ဆီမီးပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲ၊ တေးဂီတဖျော်ဖြေပွဲများ ၊ စတုဒီသာ မဏ္ဍပ်များနှင့်အတူ သီတင်းကျွတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ကျောက္ကာလမ်းရှိ ပြည်သူ့ဥယျာဥ်ဖွင့်ပွဲကို အောက်တိုဘာလ ၆ ရက်၊ ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ညနေ ၄ နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ပြည်သူ့ဥယျာဥ်ဖွင့်ပွဲအခမ်းအနားပြီးပါက စတုဒီသာမဏ္ဍပ် ၁၇ ခုက စားစရာအသီးသီးကို ကျွေးမွေးဧည့်ခံပေးမည်ဖြစ်သည်။ပြည်သူ့ဥယျာဥ်၌ ပြည်သူများ စိတ်အေး ချမ်းသာစွာ အပန်းဖြေ နားနေနိုင်ရေး အတွက် ရောင်စုံမီးပန်းများ တပ်ဆင်ထားရှိခြင်း ၊အားကစား ပစ္စည်းများ စီစဉ်ဆောင်ရွက်ထားသည်ဟု ပြောပါသည်။



