ထိုင်းနိုင်ငံ Pathum Thani ခရိုင်မှာရှိတဲ့ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် "နမ်တန်"လို့ အမည်ရတဲ့ ခွေးလေးကို တရားဝင် ဝန်ထမ်း အဖြစ် ခန့်အပ်ထားပြီး သူ့ရဲ့ ဝန်ထမ်းကတ်ပြားချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် ထိုင်းတစ်နိုင်ငံလုံးရဲ့ အချစ်တော်လေး ဖြစ်လာခဲ့တာလည်း ဖြစ်ပါသည်။အသက် ၆ နှစ်အရွယ် နမ်တန်ဟာ ဆိုင်ကိုဝင်လာတဲ့ ကားတိုင်းနီးပါးကို စစ်ဆေးပေးပြီး နေ့ဘက်တွေမှာ လည်း ဆိုင်ရှေ့ကို စောင့်ကြည့်ပေးတာတွေ လုပ်ဆောင်ခဲ့လို့ ဆိုင်ပိုင်ရှင်က လမ်းဘေးမှာ တွေ့ရှိခဲ့ပြီး သနားလို့ ခေါ်ယူမွေးစားရာကနေ အခုလို အလုပ်ပါရသွားတာ ဖြစ်ပါသည်။လူမှုကွန်ယက်သတင်းများတွင်တော့ နမ်တန်ဟာ တစ်ပတ်ကို ဘတ်၃၀၀လစာရသည်ဟု ရေးသားကြပေမဲ့ ဆိုင်ဝန်ထမ်းတွေကတော့ အမှန်တကယ် လစာမဟုတ်ဘဲ ၎င်း၏ အစာစရိတ်သာ ဖြစ်သည်ဟု ပြန်လည် ဖြေရှင်းခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် ဓါတ်ဆီဆိုင်မှ ခွေးဝန်ထမ်းလေး အွန်လိုင်းမှာ နာမည်ကြီးနေ
Sep 29 • 7:57 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
6 | 0 | 0 | 0 |