တရုတ်နိုင်ငံမှ နာမည်ကျော် တင်းနစ်မယ်လေး ကျိန့်ချင်းဝန်က စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် တရုတ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့်ပွဲစဥ်၌ ကိုလံဘီယာနိုင်ငံမှ အမ်မလီယာနာ အာရန်ဂိုအား ၆-၃၊ ၆-၂ ရလဒ်များဖြင့် အနိုင်ရဖြတ်ကျော်ခဲ့တာဖြစ်ပါသည်။ဆီဒင်-၇ သတ်မှတ်ခံထားရသော ကျိန့်မှာ စပေးဘောစတင်ရရှိခဲ့ခြင်းနှင့်အတူ ပထမပွဲအား ၆-၃ ရလဒ်ဖြင့် အနိုင်ရခဲ့သည်။ ထို့နောက် အိမ်ရှင်ပရိသတ်များ၏အသည်းစွဲ ကျိန့်က ဒုတိယပွဲတွင်လည်း လွှမ်းမိုးကစားခဲ့ခြင်းဖြင့် အာရန်ဂိုကို အခွင့်အရေးအနည်းငယ်သာပေးခဲ့ပြီး ၆-၂ ရလဒ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ကျိန့်မှာ တရုတ်အိုးပင်း တတိယအဆင့်တွင် ချက်ပြည်သူ့သမ္မတနိုင်ငံမှ လင်ဒါနော့စ်ကိုဗာနှင့် ယှဥ်ပြိုင်ရမည်ဖြစ်ပါသည်။
တရုတ်အိုးပင်းဒုတိယအဆင့်တွင် ဒဏ်ရာမှ တစ်ကျော့ပြန်လာသည့် တရုတ်နိုင်ငံသူ ကျိန့်က အာရန်ဂိုအား အနိုင်ရလိုက်
Sep 29 • 5:08 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
3 | 0 | 0 | 0 |