မြစ်ကြီးနား-မန္တလေး ခရီးစဉ် ချောမွေ့၊ ကားကြီးများအတွက် လမ်းအခြေအနေ အကောင်းဆုံးဖြစ်

Sep 28 • 12:55 PM

breaking-news

မြန်မာ

ကချင်

cover

မြစ်ကြီးနား-မန္တလေး ခရီးစဉ် ချောမွေ့၊ ကားကြီးများအတွက် လမ်းအခြေအနေ အကောင်းဆုံးဖြစ်

မြစ်ကြီးနား-မန္တလေး ကားလမ်းမကြီးတစ်လျှောက် ခရီးသွားလာမှု အခြေအနေများ ယခုရက်ပိုင်းအတွင်း အလွန်ကောင်းမွန်နေကြောင်း ကုန်တင်ယာဉ်မောင်းများနှင့် ခရီးသွားများထံမှ သိရ...

မြစ်ကြီးနား-မန္တလေး ကားလမ်းမကြီးတစ်လျှောက် ခရီးသွားလာမှု အခြေအနေများ ယခုရက်ပိုင်းအတွင်း အလွန်ကောင်းမွန်နေကြောင်း ကုန်တင်ယာဉ်မောင်းများနှင့် ခရီးသွားများထံမှ သိရသည်။ ယင်းလမ်းပိုင်းတွင် ယာဉ်ပိတ်ဆို့မှုများ မရှိတော့သည့်အပြင် လမ်းအခြေအနေပါ ကောင်းမွန်နေသဖြင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ပြီဖြစ်သည်။လမ်းကြောင်းအလိုက် အခြေအနေမှာ မြစ်ကြီးနား ⇄ ရွှေဘို လမ်းပိုင်း - ဤလမ်းပိုင်းသည် အလွန်ကောင်းမွန်နေပြီး လူနာတင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များနှင့် ဆိုင်ကယ်များ အလွယ်တကူ လျင်မြန်စွာ မောင်းနှင်သွားလာနိုင်နေပြီဖြစ်သည်။ရွှေဘို ⇄ မန္တလေး လမ်းပိုင်း - ကုန်တင်ယာဉ်ကြီးများ အသုံးပြုနိုင်သည့် လမ်းလွှဲတစ်ခုသည် ယခုအခါ အဆင်ပြေချောမွေ့နေသည်။ ၎င်းမှာ-ရွှေဘို ⇄ ဆိပ်ခွန် ⇄ မူးကမ်းကြီး ⇄ ဘုတလင် ⇄ မုံရွာ ⇄ အုန်းတောလမ်းခွဲ ⇄ စစ်ကိုင်း ⇄ မန္တလေး လမ်းပိုင်းဖြစ်ပြီး၊ လမ်းတစ်ခုလုံး ကတ္တရာလမ်း ဖြစ်သည့်အတွက် ကားကြီးများပါ မောင်းနှင်သွားလာရန် သင့်လျော်ကြောင်း သိရသည်။





news-view-count-icon

5