တရုတ် နည်းပညာကုမ္ပဏီကြီး ရှောင်မီ (Xiaomi) ၏ အသက် ၅၅ နှစ်အရွယ် စီအီးအို လိုင်ဂျန် (Lei Jun) သည် စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့တွင် ပေကျင်း၌ ကျင်းပသော နှစ်ပတ်လည် ဟောပြောပွဲ၌ ပြိုင်ဘက် တက်စလာ (Tesla) ၏ Model Y ကားကို ပွင့်ပွင့်လင်းလင်း ချီးကျူးပြောကြားခဲ့သည်။ လိုင်ဂျန်က ၎င်းတို့အနေဖြင့် Model Y ကားသုံးစီးကို ဝယ်ယူ၍ အစိတ်အပိုင်း တစ်ခုချင်းစီကို စနစ်တကျ ဖြုတ်တပ်လေ့လာခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ Model Y သည် "အလွန်သာလွန်ထူးခြားသော ကား" ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ သို့သော်လည်း ၎င်း၏ ပရိသတ်များကို "တကယ်လို့ ခင်ဗျားက [ရှောင်မီ၏] YU7 ကို မရွေးရင် Model Y ကို စဉ်းစားနိုင်ပါတယ်" ဟု ရယ်ရွှင်ဖွယ် တိုက်တွန်းပြောကြားခဲ့သည်။
ရှောင်မီ (Xiaomi) စီအီးအို လိုင်ဂျန်က သူ့ပြိုင်ဘက် တက်စလာ (Tesla) Model Y ကို ချီးကျူးပြီး၊ မိမိတို့၏ YU7 ကားကို ရွေးချယ်ရန် တိုက်တွန်းပြောကြား
Sep 28 • 7:47 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
3 | 0 | 0 | 0 |