မကွေးတိုင်းအတွင်းရှိ မြို့နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေ မြင့်တက်မှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး စိုက်ခင်းတွေနဲ့ လမ်း၊ တံတား ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံများက ပြောပါသည်။မကွေးတိုင်းအတွင်းက ပေါက်၊ ဂန့်ဂေါ၊ ဆော၊ မင်းဘူး၊ စကု အစရှိတဲ့ မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း မိုးကြီးခဲ့တာကြောင့် မုန်းချောင်း၊ယောချောင်း၊ ဆားပွက်ချောင်း၊ မန်းချောင်းနဲ့ မြစ်သာမြစ်ရေ မြင့်တက်မှုတွေ ဖြစ်ပေါ်လျက်ရှိတာ ဖြစ်ပါသည်။ထို့အပြင် မနေ့ စက်တင်ဘာ ၂၇ ရက်မှာ ရေတိုက်စားမှုကြောင့် ယောချောင်းတံတား တစ်ဝက်နီးပါး ရေနစ်မြုပ်ကာ တံတားအဝင် မြေသား ပဲ့ကျမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် ပန်းဆန်ကျေးရွာမှ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ပြန်လည် ပြုပြင်ခဲ့ရပြီး လက်ရှိအချိန်အထိ ချောင်းရေလည်း မလျော့သေးဘူးလို့ ပြောကြားခဲ့ပါသည်။လက်ရှိ မိုးလေဝသ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မိုး/ဇလဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” ဟာ အနောက် - အနောက်မြောက်ဘက်ကို ရွေ့လျားလျက်ရှိပြီး ဆက်လက် တည်ရှိနေသည်ဟု ထုတ်ပြန်ထားပါသည်။
မကွေးတိုင်း၊မြို့နယ်တချို့မှာ ရေကြီးမှုကြောင့် စိုက်ခင်းတွေနဲ့ လမ်းတံတား ပျက်စီးမှုတွေ ဖြစ်ပေါ်နေ
Sep 28 • 4:54 AM
မြန်မာ
မကွေး
မျှဝေမည်
4 | 0 | 0 | 0 |