ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က ဘန်ကောက်ရဲ့ အထင်ကရ 'Vijit Chao Phraya' မီးရောင်ခြည်နဲ့ အသံပြပွဲကြီးကို ဒီနှစ်မှာလည်း ခမ်းနားစွာ ပြန်လည်ကျင်းပသွားမယ်လို့ ပြောကြားထားပါသည်။'Vijit Chao Phraya 2025' ပွဲတော်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၄၅ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ လာရောက်လည်ပတ်သူ ၁.၅ သန်းကျော်ကို ဆွဲဆောင်နိုင်ပြီး ထိုင်းစီးပွားရေးအတွက် ဝင်ငွေ ဘတ်သန်း ၅၀၀ ကျော် ရရှိမည်ဟု မျှော်မှန်းထားတာဖြစ်ပါသည်။TAT က ဒီပွဲတော်ကို လာတဲ့ ခရီးသွားတိုင်းဟာ တစ်သက်မှာ တစ်ခါ မမေ့နိုင်တဲ့ အတွေ့အကြုံကို ရစေမယ်လို့ ယုံကြည်ထားကြောင်း ပြောပါသည်။
ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ ကျောက်ဖရားမြစ်တစ်လျှောက်မှာ ‘Vijit Chao Phraya’ မီးထွန်းပွဲတော်ကို ၄၅ ရက်ကြာကျင်းပမည်ဖြစ်
Sep 28 • 2:10 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
5 | 0 | 0 | 0 |