ချင်းပြည်နယ်မှာ မိုးရာသီကာလအတွင်း ၁၀ဘီး၊ ၁၂ ဘီးကုန်တင်ယာဉ်ကြီးတွေသွားလို့ ကားလမ်းများပျက်စီးပြီး လမ်းအခြေအနေပိုမိုဆိုးရွားလို့ ကုန်တင်ယာဉ်ကြီးများတားမြစ်စေချင်တယ်လို့ ယာဉ်မောင်းတွေဆီကသိရတယ်။ ကလေးမြို့နယ်တွင် တော်လှန်ရေးဂိတ်တွေမှာ ၁၀ဘီးတစ်စီးကို အနည်းဆုံး တစ်သိန်းကောက်ပြီး အများဆုံး ၃ သိန်းကောက်ခံနေပြီးဆန်၊ဘိလပ်မြေတို့ တစ်အိတ်ကိုတစ်ထောင် အခွန်ဆောင်ရတယ်လို့သိရတယ်။ ချင်းပြည်နယ်တွင် ၁၀ဘီးတစ်စီး ၂သိန်းခွဲကောက်ပြီး ၁၂ဘီးတစ်စီး ၃ သိန်းကောက်ခံပါတယ်။ ဝေဘူလဂိတ်မှာ လမ်းကြေးအတွက်နဲ့ပါ ၁၀ ဘီးတစ်စီးကို ၅ သိန်း၊ ၁၂ ဘီးတစ်စီး ၅သိန်းခွဲကောက်တယ်လို့သိရတယ်။



