မီးပုံပျံပွဲကျင်းပရာ တောင်ကြီးမြို့၊ အဝေရာကွင်းမှာကျင်းပမည့် တောင်ကြီးသီတင်းကျွတ်ဂီတပွဲ - Taunggyi Thadingyut Music Festival မှာ ညဈေးသည်များ မဖြစ်မနေသွားရောက်ရောင်းချရန် အမိန့်ပေးထားကြောင်း ဒေသခံတွေထံက သိရပါတယ်။ ယင်းဂီတပွဲကျင်းပနေစဉ်အတွင်း ညစျေး ၂ခုလုံးပိတ်ပေးထားရမှာဖြစ်ပြီး ဂီတပွဲမှာစျေးရောင်းချရန်အတွက်ကိုလည်း ဆိုင်နေရာကို တစ်ရက်လျင် ကျပ်၅သောင်းဖြင့် စည်ပင်မှတဆင့် နေရာပြန်ဝယ်ပြီး စျေးရောင်းရမှာဖြစ်ကြောင်း ညဈေးသည်တွေထံက သိရပါတယ်။ ဂီတပွဲကို လာမယ့် အောက်တိုဘာ ၄ရက်မှ ၆ရက်အထိပြုလုပ်မည်ဖြစ်ပြီး စျေး ၂ခုတွင် စျေးရောင်းချနေတဲ့ စျေးသည်မှန်သမျှ ၎င်းဂီတပွဲ ကျင်းပတဲ့ ရက်မတိုင်ခင် တစ်ရက်အလိုမှစတင်ကာ ကျင်းပမည့် နောက် ၃ရက်ထိ ၄ရက်တိုင်တိုင် မဖြစ်မနေ သွားရောက်ရောင်းချဖို့ အတင်းအဓမ္မ ဖိအားပေးခံနေရတယ်လို့ စျေးသည်တွေက ပြောပါတယ်။



