ရန်ကုန်မြို့တွင်းတွင် YPS ကဒ်ဖြည့်ခြင်း၊ ဝယ်ခြင်းဆောင်ရွက်နိုင်တဲ့ အရောင်းကောင်တာတွေကို တရက်ပိတ်ထားမှာဖြစ်ပြီး ၂၈ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်ဖွင့်လှစ်မှာဖြစ်ပါတယ်။လာမယ့် ၂၇ ရက်နေ့တွင် YPS အရောင်းကောင်တာအကုန်လုံးကို တရက်တာပိတ်ထားမှာဖြစ်ပြီး ပိတ်ထားတဲ့အချိန်အတွင်း G & G Store, Capital Store, Mingalar Cinema, AYAx Counter နှင့် ကိုယ်စားလှယ်ဆိုင်များတွင် ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ရယူနိုင်ပါတယ်။ယာဉ်လိုင်းအားလုံးနီးပါးတွင် အသုံးပြုနိုင်တဲ့ YPS ကဒ် တစ်ကဒ်ကို ၁၀,၀၀၀ ကျပ်ကျသင့်ပြီး နေ့စဉ် YPS ဝန်ဆောင်မှုအသုံးပြုသူ နှစ်သိန်းခန့် ရှိတယ်လို့ YRTC ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။



