ရှမ်းပြည်တောင်ပိုင်း၊ဖောင်တော်ဦးဘုရား ငါးဖယ်ချောင်းမှ ကြေးစားကုန်းကျောင်းသို့ကြွချီစဥ် ဘုရားဆွဲလှေတစ်စီး နစ်မြုပ်ခဲ့

Sep 26 • 8:15 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်တောင်ပိုင်း၊ဖောင်တော်ဦးဘုရား ငါးဖယ်ချောင်းမှ ကြေးစားကုန်းကျောင်းသို့ကြွချီစဥ် ဘုရားဆွဲလှေတစ်စီး နစ်မြုပ်ခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စက်တင်ဘာလ ၂၆ ရက်က အင်းလေးကန် ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတော် ငါးရက်မြေ...

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စက်တင်ဘာလ ၂၆ ရက်က အင်းလေးကန် ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတော် ငါးရက်မြောက်နေ့အဖြစ် ငါးဖယ်ချောင်းမှ မနက်ပိုင်း ၇ နာရီ စတင် ထွက်ခွာပြီး ကြေးစားကျောင်းသို့ ဘုရားကြွချီစဥ် ဘုရားဆွဲလှေ တစ်စီး အသွားခရီးတွင် နစ်မြုပ်ခဲ့တာဖြစ်ပါသည်။"ဘုရား ဆွဲလှေ အသွားမှာ မှောက်ပြီး မြုပ်တယ် ။ ဒါပေမယ့် ပြန် ဆယ်ယူလို့ ရပါတယ်။ လူသူ ထိခိုက်မှု မရှိပါဘူး”ဟု အင်းလေးကန် ဒေသခံ တစ်ဦးက ပြောသည်။ထိုသို ဘုရားဆွဲလှေနှစ်မြှုပ်ရာတွင် ထိခိုက်ဆုံးရှုံးမှုမရှိဘဲ ထိုနေ့သည် ဘုရားဆွဲလှေ အများဆုံး အစီးရေ (၇၀) စီး အထိလိုက်ပါ ပူဇော်ခဲ့သည့်နေ့လည်းဖြစ်သည်။

news-view-count-icon

12