တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက်တင်ဘာ ၂၂ မှ ၂၆ ရက်နေ့အထိ ကျင်းပသည့် ASEAN–Korea FIELD Programme Conference 2025 သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တင်ရောက်ခဲ့

Sep 26 • 4:31 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက်တင်ဘာ ၂၂ မှ ၂၆ ရက်နေ့အထိ ကျင်းပသည့် ASEAN–Korea FIELD Programme Conference 2025 သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တင်ရောက်ခဲ့

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက်တင်ဘာ ၂၂ မှ ၂၆ ရက်နေ့အထိ ကျင်းပသည့် ASEAN–Korea FIELD Programme Conference 2025 သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ...

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက်တင်ဘာ ၂၂ မှ ၂၆ ရက်နေ့အထိ ကျင်းပသည့် ASEAN–Korea FIELD Programme Conference 2025 သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တက်ရောက်ခဲ့ကြသည်။ “Beyond the Game: ASEAN–Korea Vision in Football” ခေါင်းစဥ်ဖြင့် ကျင်းပသည့် ကွန်ဖရင့်တွင် ASEAN နှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ဘောလုံးဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန် တိုးတက်စေရန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။တောင်ကိုရီးယား နိုင်ငံ အနေဖြင့် ASEAN–Korea FIELD Programme ကိုလည်း ရေးဆွဲထားပြီး အဆိုပါ အစီအစဉ်တွင် တွင် နည်းပြများ၊ စီမံခန့်ခွဲသူများ၊ နည်းစနစ်ဒါရိုက်တာများ အတွက် အတွေ့အကြံမျှဝေခြင်း၊ ဆန်းသစ်တီထွင်ခြင်း၊ ဘောလုံးအားကစားဖြင့် အာဆီယံနှင့် ကိုရီးယားတို့ အချင်းချင်း ပိုမိုပူးပေါင်းဆက်သွယ်ဆောင်ရွက်ခြင်း စသည်တို့အား သုံးနှစ်ကြာ လက်တွဲဆောင်ရွက်မည် ဖြစ်သည်။ ယင်းအစီအစဉ်အား ၂၀၂၃ တွင် ကနဦး မိတ်ဆက်ခဲ့ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အပါအဝင် အာဆီယံနိုင်ငံများနှင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်း၏ ရည်ရွယ်ချက်များမှာ —ဘောလုံးမှတစ်ဆင့် ASEAN နှင့် ကိုရီးယားတို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုအား တိုးတက်စေရေး၊ ဒေသအတွင်း ဘောလုံးဖွံ့ဖြိုးရေးအတွက် တန်းတူညီမျှ အခွင့်အလမ်းများ ဖန်တီးပေးရေး၊နည်းပြများ၊ နည်းစနစ်ဒါရိုက်တာများနှင့် အဆင့်မြင့် စီမံခန့်ခွဲသူများအကြား ခိုင်မာသောကွန်ယက်များ တည်ဆောက်ရေးယခုကျင်းပခဲ့သည့် ASEAN–Korea FIELD Programme Conference 2025 တွင် ဘောလုံးဖြင့် နိုင်ငံများအကြား ယှဉ်ကျေးမှု ဖလှယ်ခြင်း၊ လူငယ်များအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးခြင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်း တို့အား ဦးစားပေး ဆွေးနွေးခဲ့သည်။ ထို့အပြင် တောင်ကိုရီးယား အမျိုးသား ဘောလုံးလေ့ကျင့်ရေး စင်တာကိုလည်း ကိုရီးယားနှင့် အာဆီယံနိုင်ငံများ၏ လူငယ်ဖွံ့ဖြိုးရေး၊ နည်းပြများ ဖွံ့ဖြိုးရေးတို့အတွက် ပူးတွဲဆောင်ရွက်မည့် အရင်းအမြစ် တစ်ခုအဖြစ် အသုံးပြုရန်လည်း ဆွေးနွေးခဲ့သည်။

news-view-count-icon

16