ကွယ်လွန်သွားတဲ့ တေးသံရှင် ဗစ်တာခင်ညိုရဲ့ ဈာပနကို စက်တင်ဘာ ၂၇ ရက်မှာ ရေဝေးသုသာန်ကို ပို့ဆောင်သဂြိုလ်မယ်လို့ ကျန်ရစ်သူ မိသားစုက သိရပါတယ်။ဦးသိန်းထွန်း (ခေါ် ) ဦးဗစ်တာခင်ညို အသက် (၈၀) နှစ်ဟာ ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်၊ မနက် (၇) နာရီမှာ (၉၆) ပါးရောဂါနဲ့ ဘဝတစ်ပါးကို ကူးပြောင်းသွားတာကြောင့် ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်၊ စနေနေ့ မွန်းလွဲ ၁ နာရီ ၃ဝ မိနစ် အချိန်မှာ ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာ ပို့ဆောင်သဂြိုလ်မှာ ဖြစ်ပါတယ်။ဗစ်တာခင်ညို ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၀ ရှိပြီ ဖြစ်ကာ ဇနီးနဲ့ သား ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ နာရေးကို ရန်ကုန်မြို့ ၊ ကန်တော်လေး က ဒေါ်သိန်းတင်လမ်း နေအိမ်မှာ ပြုလုပ်ဖို့ စီစဥ်ထားပြီး စက်တင်ဘာ ၂၇ ရက်မှာ သူ့ရဲ့ ဈာပနကို ပြုလုပ်မှာ ဖြစ်ပါတယ်။ကိုယ်ပိုင်သံစဥ်တေးသီချင်းများစွာကို သီဆိုခဲ့တဲ့ ဗစ်တာခင်ညိုဟာ နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ ကြွေရုပ်ကလေးနဲ့ ဒုတိယလူ စတဲ့ တေးသီချင်းတွေနဲ့ ကိုယ့်အပြစ်နဲ့ကိုယ်ဆက်၍ငိုမယ်နဲ့ လိုက်ခဲ့တော့၊ နွေသာဆိုရင်မှာပြာ၊ တို့ရဲ့နောက်ဆုံးအချိန်၊ကျူရှင်လှေကားရင်း သီချင်းတွေက လူကြိုက်များ ထင်ရှားတယ်လို့ သိရပါတယ်။
ကွယ်လွန်သွားတဲ့ တေးသံရှင် ဗစ်တာခင်ညိုရဲ့ ဈာပနကို စက်တင်ဘာ ၂၇ ရက်မှာ ရေဝေးသုသာန်ကို ပို့ဆောင်သဂြိုလ်မည်
Sep 26 • 4:09 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
18 | 0 | 0 | 0 |