မြန်မာပြည်တွင်းဈေးများရှိ ယနေ့ ဥဈေးနှုန်းများ

Sep 26 • 2:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်းဈေးများရှိ ယနေ့ ဥဈေးနှုန်းများ

မြန်မာပြည်တွင်း ဈေးများတွင် ယနေ့ စက်တင်ဘာလ (၂၆)ရက်နေ့၌ ကြက်ဥ၊ ဘဲဥဈေးများက ပုံမှန်ဈေးအတိုင်းရှိသည်။ ကြက်ဥအသေးဆုံးတစ်လုံး ၄၂၀ ကျပ်ဈေးဖြစ်ပြီး ကြက်ဥတစ်လုံး ၄၅၀ ကျပ...

မြန်မာပြည်တွင်း ဈေးများတွင် ယနေ့ စက်တင်ဘာလ (၂၆)ရက်နေ့၌ ကြက်ဥ၊ ဘဲဥဈေးများက ပုံမှန်ဈေးအတိုင်းရှိသည်။ ကြက်ဥအသေးဆုံးတစ်လုံး ၄၂၀ ကျပ်ဈေးဖြစ်ပြီး ကြက်ဥတစ်လုံး ၄၅၀ ကျပ်၊ ၄၈၀ ကျပ်၊ ၅၀၀ ကျပ်ဈေးများဖြစ်သည်။ဘဲဥဈေးများတွင် ဘဲဥတစ်လုံး ၅၀၀ ကျပ်က အနိမ့်ဆုံးဈေးဖြစ်ပြီး ဘဲဥတစ်လုံး ၅၅၀ ကျပ်၊ ၆၀၀ ကျပ်၊ ၆၅၀ ကျပ်ဈေးများဖြင့် ပုံမှန်ဈေးအတိုင်းဖြစ်သည်။ ဆေးဘဲဥတစ်လုံး ၉၀၀ ကျပ် ၊ ငုံးဥ ၁၀ လုံး ၁,၀၀၀ ကျပ်ဈေး တို့ဖြင့် ပုံမှန်ဈေးအတိုင်းရှိသည်။ပင်ရင်းဈေးများတွင် ကြက်ဥ ၁၇ ကီလိုဂရမ် ၃၄၅ ကျပ်၊ ၁၈ ကီလိုဂရမ် ၃၆၅ ကျပ်၊ ၁၉ ကီလိုဂရမ် ၃၈၅ ကျပ်၊ ၂၀ ကီလိုဂရမ် ၄၂၀ ကျပ်၊ ၂၁ ကီလိုဂရမ် ၅၀၀ ကျပ်နှင့် ၂၂ ကီလိုဂရမ် ၅၄၀ ကျပ်ဈေးများရှိသည်။ ဘဲဥပင်ရင်းဈေးများတွင် ၂၀ ကီလိုဂရမ် ၄၆၀ ကျပ်၊ ၂၁ ကီလိုဂရမ် ၅၀၀ ကျပ်၊ ၂၂ ကီလိုဂရမ် ၅၅၀ ကျပ်ဈေးများ ရှိသည်။ ဆေးဘဲဥပင်ရင်းဆေးမှာ တစ်လုံး ၇၅၀ ကျပ်ဈေးဖြစ်ပြီး ငုံးဥတစ်ဖာ ၁၀,၀၀၀ ကျပ်ဈေး ဖြစ်သည်။

news-view-count-icon

34