တရုတ်နိုင်ငံ၏ Haier လေအေးပေးစက် စက်ရုံသစ်အား ထိုင်းတွင် ဖွင့်လှစ်

Sep 26 • 2:52 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၏ Haier လေအေးပေးစက် စက်ရုံသစ်အား ထိုင်းတွင် ဖွင့်လှစ်

တရုတ်နိုင်ငံ၏ အိမ်သုံးပစ္စည်းနှင့် တီထွင်ဆန်းသစ်မှုတွင် ကမ္ဘာ့ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Haier က ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၌ လေအေးပေးစက်ထုတ်လုပ်ရေး စက်ရုံသစ...

တရုတ်နိုင်ငံ၏ အိမ်သုံးပစ္စည်းနှင့် တီထွင်ဆန်းသစ်မှုတွင် ကမ္ဘာ့ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Haier က ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၌ လေအေးပေးစက်ထုတ်လုပ်ရေး စက်ရုံသစ်တစ်ခုကို ဖွင့်လှစ်ခြင်းဖြင့် ထိုင်းနိုင်ငံ၌ အဓိက ရင်းနှီးမြှုပ်နှံမှုတစ်ခုကိုလုပ်ဆောင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီက စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ကုမ္ပဏီ၏ထုတ်ပြန်မှုအရ အဆိုပါစက်ရုံမှ အလုပ်အကိုင် ၃,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း၊ ဒေသခံလူမှုအသိုင်းအဝိုင်းများထံသို့ ဝင်ငွေများကို ဖြန့်ဖြူးမျှဝေပေးခြင်းဖြင့် ဒေသတွင်း ရေရှည်တည်တံသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ စက်ရုံတည်ထောင်ခြင်းသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံအကြားမှ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏  ခိုင်မာစွာသော သရုပ်သကန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

news-view-count-icon

5