ထိုင်းနိုင်ငံ လယောင်မြို့ က (မီးသီးစက်ရုံ)မှာ အလုပ်လုပ်ရဖို့ ဘတ်ငါးသန်းပွဲစားရုံးမှာ အလုပ်ရှာပေးခ(အလုပ်စမတ်ခ) တစ်ဦးကို ဘတ် ၇၅၀၀မှ ၈၅၀၀ အထိ ပေးခဲ့ရပေမယ့် အလုပ်ဝင်ပြီး လေးလကျော်မှာ မြန်မာလုပ်သား၁၅၀ ဦး အလုပ်ထုတ်ခံရတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့က ပြောပါသည်။MOUနဲ့ ပန်းရောင်ကတ်ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ၁၅၀ ဦးဟာ အလုပ်လုပ်ရန်အတွတ် စမတ်ခ ဘတ် ၇,၅၀၀မှ၈,၅၀၀အထိပေးခဲ့ကာ အလုပ်ဝင်ပြီးလေးလကျော်တွင် စက်ရုံသူဌေးက ပွဲစားမှတစ်ဆင့် အလုပ်သမားတွေ ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်တင်ဘာ ၂၂ရက်နေ့မှစကာ အလုပ်ဆင်းစရာမလိုတော့ ဘူးလို့ line group ကနေ စာပို့အကြောင်းကြားခဲ့တယ်လို့ အလုပ်သမားများက ပြောပါသည်။အခုလိုအကြောင်းမကြားဘဲ အလုပ်ထုတ်တဲ့အပြင် လုပ်အားခ (၁၈)ရက်စာ တစ်ဦးကို ၁၂,၇၀၀ ဘတ်နဲ့ စုစုပေါင်း ဘတ်(၂၅)သိန်းကျော် ကိုလည်း သူဌေးဘက်မှ ပေးချေမှုမရှိဘူးလို့ ၎င်းတို့မှပြောပါသည်။
ထိုင်းနိုငိငံတွင် မြန်မာလုပ်သား ၁၅၀ကျော် အလုပ်ရရန် စမတ်ခ ဘတ် ၈၀၀၀ ကျော်ပေးရသော်လည်း အလုပ်ဝင်ပြီး လေးလကျော်တွင် အလုပ်ထုတ်ခံရ
Sep 25 • 8:02 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
4 | 0 | 0 | 0 |