ထိုင်းနိုင်ငံ၊Vajira ဆေးရုံရှေ့က လမ်းပြိုကျခဲ့တဲ့နေရာကနေ နှစ်ကီလိုမီတာလောက်ပဲ ကွာဝေးတဲ့ Samsen လမ်းရဲ့ လမ်းပိုင်းတစ်နေရာမှာ ကြာသပတေးနေ့ (စက်တင်ဘာလ ၂၅ ရက်)မနက်က ရေစိမ့်ထွက်နေတာကို တွေ့ရှိခဲ့တဲ့အတွက် ယာဉ်ထိန်းရဲတွေက အဲဒီနေရာကို ပိတ်ဆို့ထားပါသည်။တာဝန်ရှိသူတွေက ကြာသပတေးနေ့ မနက် ၈ နာရီခွဲမှာ Boon Rawd Brewery Co Ltd ရှေ့က Samsen လမ်းရဲ့ လမ်းပိုင်းတစ်နေရာမှာ ရေတွေစိမ့်ထွက်နေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီနေရာက လမ်းဟာ Vajira ဆေးရုံရှေ့မှာ အပေါက်ကြီးဖြစ်ပြီး လမ်းမကျွံကျခင်က ဖြစ်ပွားခဲ့တဲ့ ပုံစံအတိုင်း ဖောင်းကြွနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါသည်။အခုသတင်းထုတ်ပြန်တဲ့ အချိန်အထိတော့ တာဝန်ရှိသူတွေက လမ်းမျက်နှာပြင်ကနေ ရေစိမ့်ထွက်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါသည်။
ထိုင်းနိုင်ငံ၊Samsen လမ်းတွင် လမ်းပြိုကျပြီးနောက် ရေစိမ့်ထွက်နေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်
Sep 25 • 6:04 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
4 | 0 | 0 | 0 |