မန္တလေး - ပြင်ဦးလွင်ကားလမ်း ၁၆ မိုင်ဂိတ်မှ ငါးမိုင်ခန့်အကွာနေရာတွင်ရှိသည့် ဝါးနက်ဆင်စခန်းသို့ လာရောက်လည်ပတ်သူများ အများအပြားရှိလာသလို တစ်လလျှင် ပျမ်းမျှ လူ ၁,၀၀၀ မှ ၁,၅၀၀ ကြားရှိကာ မကြာမီကျရောက်လာမည့် သီတင်းကျွတ်ပိတ်ရက်များတွင် ပိုမိုများပြားနိုင်ကြောင်း ဆင်စခန်းနှင့်နီးစပ်သူများကပြောပါသည်။ဆင်စခန်းတွင် ဆင်ကြီးရှစ်ကောင်နှင့် ဆင်ပေါက်လေးသုံးကောင်ရှိတာလည်း ဖြစ်ပါသည်။အချို့မှာ တစ်နိုင်တစ်ပိုင်ဆင်စာကျွေးကြခြင်းနှင့် ဆင်ပေါက်လေးသုံးကောင်၏ ဆော့ကစားမှုများကို သဘောကျနှစ်ခြိုက်ခြင်းကြောင့် လာရောက်ကြည့်ရှုသူများဖြစ်ပါသည်။ဝင်ကြေးအဖြစ် ပြည်တွင်းဧည့်သည်များအနေဖြင့် တစ်ဦးလျှင် ၁,၀၀၀ ကျပ်၊ ပြည်ပဧည့်သည်များမှာ ၁၀,၀၀၀ ကျပ်ဖြင့် လည်းကောင်း၊ ဆင်စီးခအဖြစ် ပြည်တွင်းဧည့်သည်များဖြစ်ပါက ၅,၀၀၀ ကျပ်နှင့် ပြည်ပဧည့် သည် များမှာ ၁၀,၀၀၀ ကျပ် သတ်မှတ်ထားသည်။
မန္တလေး - ပြင်ဦးလွင်ကားလမ်း ၁၆ မိုင်ဂိတ်မှ ငါးမိုင်ခန့်အကွာနေရှိ ဝါးနက်ဆင်စခန်းသို့ တစ်လလျှင် ပျှမ်းမျှ ၁၀၀၀ကျော်နီးပါး လာရောက် လည်ပတ်မှုရှိလာ
Sep 25 • 5:05 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 24 | 0 | 0 | 0 |


