ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့က ဘန်ကောက် Samsen လမ်းမှာ အကြီးအကျယ် မြေကျွံကျမှု ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းမှာ အခြေအနေ ပိုမိုဆိုးရွားလာတာကြောင့် ဘေးပတ်ဝန်းကျင်က အဆောက်အဦးတွေရဲ့ လုံခြုံရေးအတွက် အရေးပေါ် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါသည်။လက်ရှိမှာတော့ အာဏာပိုင်တွေက အဓိက စိုးရိမ်ရတဲ့ Vajira ဆေးရုံ နဲ့ Samsen ရဲစခန်း အပါအဝင် အနီးတဝိုက်က အဆောက်အအုံအားလုံးရဲ့ တည်ငြိမ်မှုကို အရေးတကြီး အကဲဖြတ် စစ်ဆေးနေပါတယ်။ ဘန်ကောက်မြို့ရဲ့ Dusit ခရိုင် အာဏာပိုင်တွေက Samsen လမ်း ရဲ့ တစ်ဖက်တစ်ချက်မှာရှိတဲ့ Vajira ဆေးရုံ လမ်းဆုံကနေ Ratchawithi လမ်းဆုံအထိ အန္တရာယ်ရှိတဲ့ အဆောက်အအုံ ၂၅ လုံးကျော်ကို လူတွေ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်တာဖြစ်ပါသည်။
ထိုင်းနိုင်ငံ၊ဘန်ကောက်လမ်းပြိုကျမှုနေရာ အနီးရှိ အဆောက်အအုံများ စိုးရိမ်နေရ
Sep 25 • 2:26 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
7 | 0 | 0 | 0 |