ယမန်နေ့ စက်တင်ဘာ (၂၃)ရက်ခန့်ကမိုးများမှုကြောင့် ပဲခူးမြို့အနီးရှိ ဇလက်ထော် အပန်းဖြေစခန်းသို့ သွားရာလမ်းနေရာတွင် တံတားပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ယင်းတံတားငယ်သည် ပဲခူး - ဇလက်ထော်ဆည်မြောင်းလမ်းပေါ်တွင်ရှိခြင်းဖြစ်ကာ ခရီးသွားလာမည့်သူများသိရှိနိုင်စေရန် သူကပြောထားသည်။ ဇလက်ထော် အပန်းဖြေစခန်းသည် ဇလက်ထော်ရေလှောင်တမံအနီးတွင်ရှိပြီး ရန်ကုန်မြို့မှ အပန်းဖြေသွားရောက်သူများ အများဆုံးရှိရာနေရာလည်းဖြစ်ကာ လူမှုကွန်ရက်တွင်လည်း ရေပန်းစားသည်။



