မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ရွှေလင်းယုန်ရွှေဆိုင်ပိုင်ရှင်နေအိမ် ဖောက်ထွင်းခံရပြီး သိန်းထောင်ချီတန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ပါသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရပါတယ်။ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၂ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းနေချိန် သူခိုးက နေအိမ်ခေါင်မိုးဖောက်ပြီးဝင်ခိုးသွားခြင်းဖြစ်ပါတယ်။နေအိမ်ဖောက်ထွင်းခံရမှုကြောင့် ကျပ်သိန်းထောင်ချီ တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ပါသွားခဲ့ပါတယ်။
မွန်ပြည်နယ်၊ရေးမြို့တွင် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဖောက်ထွင်းခံရပြီး သိန်းထောင်ချီတန်ဖိုးကို ရွှေထည်များပါသွားခဲ့
Sep 24 • 4:39 AM
မြန်မာ
မွန်
မျှဝေမည်
9 | 0 | 0 | 0 |