ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ တာချီလိတ်ဘက်အထွက် ရေပူစမ်းကွင်းအတွင်းရှိ ဆိုင်ခန်းများတွင် ပြည့်တန်ဆာခန်းများ စက်တင်ဘာလအစပိုင်းမှ စတင်ကာ ပြန်လည်ဖွင့်လှစ်ထားကြောင်း ဒေသခံများက ပြောသည်။ယင်းသို့ ဖွင့်လှစ်ထားမှုအပေါ်ဒေသခံများက စိတ်အနှောက်အယှက်ဖြစ်ကြောင်း၊ ဖွင့်လှစ်ထားရှိသည့် ပြည့်တန်ဆာများမှာ တရားဝင်ဖွင့်ခွင့်ရထားသည်ဟု ပြောဆိုနေသဖြင့် သက်ဆိုင်ရာများက ခွင့်ပြုထားသည့်ကိစ္စ အမှန်ဟုတ်၊ မဟုတ် ဒေသခံများက သိလိုကြကြောင်း ကျိုင်းတုံမြို့ခံများက ပြောသည်။ယခုလ စက်တင်ဘာ ၁ ရက်နေ့က ယင်းဆိုင်ခန်းများ၌ ပြည့်တန်ဆာခန်းများ ပြန်လည် လုပ်ကိုင်ဖွင့်လှစ်လာသည်မှာ ယခုဆိုရင် အခန်း ၂၀ နီးပါး ရှိနေပြီဟု ယင်းဒေသခံက ပြောသည်။



