မာဆေးလ် - PSG ပွဲကို မုန်တိုင်းအန္တရာယ်ကြောင့် တနင်္လာနေ့ကို ရွှေ့ခဲ့ရတဲ့အတွက် Ballon d'Or ဆုပေးပွဲကို နည်းပြ အန်နရီကေးနဲ့ PSG ကစားသမားတွေ တက်ရောက်နိုင်မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။Ballon d'Or ဆုပေးပွဲက တနင်္လာည မြန်မာစံတော်ချိန် (၁း၃၀) နာရီမှာ စတင်မှာဖြစ်တာကြောင့် PSG နည်းပြနဲ့ ကစားသမားတွေ လွဲချော်ရခြင်းဖြစ်ပါသည်။၂၀၂၅ Ballon d'Or ဆုပေးပွဲမှာ ဒမ်ဘီလီက အကောင်းဆုံးကစားသမားဆု ရရှိဖို့ ရေပန်းစားနေသလို၊ အန်နရီကေးကလည်း အကောင်းဆုံးနည်းပြဆုရရှိဖို့ ရေပန်းစားနေတဲ့အပြင် ဆန်ခါတင်စာရင်းမှာလည်း PSG ကစားသမား (၉)ဦးပါဝင်နေပါသည်။
မာဆေးလ် - PSG ပွဲ မုန်တိုင်းကြောင့် ရွှေ့ခဲ့ရလို့ Ballon d'Or ဆုပေးပွဲကို နည်းပြ အန်နရီကေးနဲ့ PSG ကစားသမားတွေ တက်ရောက်နိုင်မှာမဟုတ်
Sep 22 • 8:52 AM
မြန်မာ
ပြည်ပ
မျှဝေမည်
9 | 0 | 0 | 0 |