ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာများ ကားမှောက်ကာ ၂ဦး သေဆုံး၊၇ ဦးဒဏ်ရာရ

Sep 22 • 7:18 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာများ ကားမှောက်ကာ ၂ဦး သေဆုံး၊၇ ဦးဒဏ်ရာရ

ယနေ့ စက်တင်ဘာလ (၂၂)ရက် မနကိ ၆နာရီခန့်တွင် ထိုင်းနိုင်ငံသို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ဗင်ကားသည်မောင်းသူအိပ်ငိုက်သွားသဖြင့် မထိန်းချုပ်နိုင်...

ယနေ့ စက်တင်ဘာလ (၂၂)ရက် မနကိ ၆နာရီခန့်တွင် ထိုင်းနိုင်ငံသို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ဗင်ကားသည်မောင်းသူအိပ်ငိုက်သွားသဖြင့် မထိန်းချုပ်နိုင်ဘဲလမ်းဘေးကွန်ကရစ်အတားအဆီးနှင့်တိုက်မိကာ လူ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ယာဉ်မှာ လုံးဝပျက်စီးသွားပြီး ကားထဲတွင် ဒဏ်ရာရသူ ၉ ဦး( အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦး)၊ ခရီးဆောင်အိတ်များစွာ ရှိနေကာ ကယ်ဆယ်ရေးသမားများမှ ခက်ခက်ခဲခဲ ကယ်ထုတ်ရသည်ဟု အခင်းဖြစ်ရာနေရာသို့ သွားရောက်စစ်ဆေးခဲ့သော Muang Pathum Thani ရဲစခန်းမှ အမှုစစ် ဒုရဲမှူးကြီး Suthorn Jitphum က ပြောသည်။ဒဏ်ရာရသူများအားလုံးသည် ထိုင်းစကားမပြောနိုင်သော မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့အားPathum Thani ဆေးရုံနှင့် Lat Lum Kaeo ဆေးရုံသို့ ပို့ဆောင်ကုသထားသည်ဟု ပြောကြားထားပါသည်။

news-view-count-icon

5