ထိုင်းဘုရင် ရာမ ၁၀ နှင့် မိဖုရားတို့သည် နတ်ရွာစံလေပြီဖြစ်သော ရာမ၈၏ ရာပြည့် တော်ဝင် အခမ်းအနားသို့ယမန်နေ့ကတက်ရောက်ကြသည်။၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၀ရက်နေ့တွင် ကျရောက်သည့်ဘုရင် အာနန္ဒာမဟီဒေါ (ရာမ ၈) ၏နှစ် (၁၀၀) ပြည့် မွေးနေ့အမှတ်တရကို မမေ့မလျော့ကျင်းပပေးကြခြင်းဖြစ်သည်။မဟီဒေါ ဘုရင်သည် ၁၉၄၆ ခုနှစ် ဇွန်လ ၉ ရက်နေ့က ဘုရင့်နန်းတော်၊ Boromphiman Throne Hall ရှိ ၄င်း၏ အိပ်ဆောင်တွင် သေနတ်ဖြင့် အပစ်ခံရပြီး နတ်ရွာစံသွားခြင်းဖြစ်သည်။ရာမ ၈ နတ်ရွာစံပြီးနောက် ရာမ ၉ ဘုရင်ကြီး ဘူမိဘောက နန်းတက်ခဲ့ပြီး နှစ် ၇၀ စိုးစံခဲ့သည့် နန်းသက်ရှည် ဘုရင်တစ်ပါးဖြစ်ခဲ့သည်။ လက်ရှိတွင် ဘူမိဘော၏ သားတော် ရာမ ၁၀ ဘုရင်လောင်ကွန်းကစိုးစံနေသည်မှာ ၈နှစ်ရှိလာပြီဖြစ်သည်။
ထိုင်းဘုရင် မဟီဒေါ၏ ရာပြည့်ပွဲ ကျင်းပပြုလုပ်ခဲ့
Sep 21 • 7:58 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


