မွန်ပြည်နယ်၊ မော်လမြိုင်မှာ တောင်းရမ်းစားသောက်သူတွေ ပိုများလာ

Sep 21 • 3:13 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ မော်လမြိုင်မှာ တောင်းရမ်းစားသောက်သူတွေ ပိုများလာ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ယခုနှစ်များအတွင်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းရမ်း စားသောက်သူတွေ အရင်ကထက် ပိုမိုများပြားလာတယ်လို့ ဒေသခံများက ပြောပါသည်။တောင်းရမ...

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ယခုနှစ်များအတွင်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းရမ်း စားသောက်သူတွေ အရင်ကထက် ပိုမိုများပြားလာတယ်လို့ ဒေသခံများက ပြောပါသည်။တောင်းရမ်းစားသောက်သူအများစုဟာ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ တောင်းရမ်းတာ၊ ဈေးတွေအတွင်း ဝင်ရောက် တောင်းရမ်းတာ၊ လူသွားလူလာများတဲ့ နေရာတွေမှာ တောင်းရမ်းတာအပြင် ရပ်ကွက်နဲ့ ကျေးရွာအတွင်းထိ ဝင်ရောက် တောင်းရမ်းမှုတွေ ရှိလာတာဖြစ်သည်။မော်လမြိုင်မြို့ခံတစ်ဦးကတော့ တောင်းရမ်း စားသောက်သူတွေဟာ အရင်ကထက် ပိုများလာပြီး တစ်ခါမှ မတွေ့ဖူးတဲ့သူတွေ မထင်မှတ်တဲ့သူတွေပါ တောင်းရမ်းစားသောက်မှုတွေ ရှိလာတယ်လို့ ပြောပါသည်။

news-view-count-icon

44