ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းလမ်းမပေါ်တွင် စက်တင်ဘာ ၁၉ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်ခက လူနာတင်ကားနဲ့ ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိခဲ့တယ်လို့ သိရပါတယ်။ယာဉ်တိုက်မှုမှာ ဘိုကလေးမြို့ (၅)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ဘောလုံးကွင်းလမ်း ထောင့်ဘက်မှ အသက်၁၈နှစ်အရွယ် ယာဉ်မောင်း နေထူးအိမ် မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN/HSE-5739 “သုခဝေဖြာ”လူမှုကူညီရေးအသင်းသုံး AMBU-LANCE အမျိုးအစား အဖြူရောင်ကားနဲ့ အမှတ်(၃) အသက်၂၆နှစ်အရွယ် အောင်ကျော်ဇင် မောင်းနှင်လာသော ယာဉ်အမှတ် ၃၉ ယ/ ၉၄၆၀၉ နံပါတ်ပါ ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ကားတိုက်မှုဖြစ်ပွားခဲ့တဲ့အတွက် မဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း အောင်ကျော်ဇင် နှင့် နေထူးအိမ်တို့(၂)ဦးကို ဥပဒေအရ အမှုဖွင့်အရေးယူဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။



