အင်း​လေး ဖောင်တော်ဦးဘုရား ပွဲတော်ကာလမတိုင်ခင် ညောင်ရွှေမြို့နယ်တွင် ခိုးဆိုလုနိုက်များလာ

Sep 20 • 12:59 PM

breaking-news

မြန်မာ

ရှမ်း

cover

အင်း​လေး ဖောင်တော်ဦးဘုရား ပွဲတော်ကာလမတိုင်ခင် ညောင်ရွှေမြို့နယ်တွင် ခိုးဆိုလုနိုက်များလာ

ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ် ရှိ ညောင်ရွှေမြို့ ၊ မိုင်းသောက်မြို့ ၊ နန်းပန်မြို့ လူစည်ကားရာ စျေးနေ့များ ၊ ကုန် အရောင်းဆိုင်များတွင် လိုက်လံ ခိုးယူသ...


ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ် ရှိ ညောင်ရွှေမြို့ ၊ မိုင်းသောက်မြို့ ၊ နန်းပန်မြို့ လူစည်ကားရာ စျေးနေ့များ ၊ ကုန် အရောင်းဆိုင်များတွင် လိုက်လံ ခိုးယူသော ခါးပိုက်နှိုက် သူခိုးများလာနေကြောင်းသိရသည်။ရှမ်းပြည်နယ်တောင်ပိုင်း တွင် ယခုရက်ပိုင်း ခိုးဆိုလုနိုက် မှုထင်ထင်ပေါ်ပေါ်ဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာ ဖမ်းဆီးအရေးယူပေးခြင်းမရှိကြောင်းသိရသည်။အင်းလေးကန်အတွင်းတွင် ယခင်နှစ် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် စံချိန်တင် ရေကြီးခြင်း တစ်ကြိမ်၊ ၂၀၂၅ ခုနှစ် မတ်လတွင် ငလျင်ဘေးဒဏ် နှင့် ဇွန်လမှ စ၍ ရေကြီးခြင်း ၊ လေတိုက်ခြင်း ဘေးအန္တရာယ် မျိုးစုံ ကြုံတွေ့ ခဲ့ရသဖြင့် အင်းသူအင်းသားများတို့သည် ဒုက္ခ မျိုးစုံ တို့ကို ကြုံတွေ့ခံစားရကြောင်း သိရသည်။ 



news-view-count-icon

16