မန္တလေးမြို့ကကျောက်တော်ကြီးဘုရားပွဲတွင် ဆိုင်ခန်းငှားခများဈေးတက်နေ

Sep 20 • 5:36 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မန္တလေးမြို့ကကျောက်တော်ကြီးဘုရားပွဲတွင် ဆိုင်ခန်းငှားခများဈေးတက်နေ

မန္တလေးမြို့က ကျောက်တော်ကြီးဘုရားပွဲတော်တွင် ပေးသွင်းရသည့်ဆိုင်ခန်းနေရာငှားရမ်းခဈေးနှုန်းများမြင့်တက်ခဲ့ကြောင်းဈေးသည်များကဆိုသည်။တစ်လကျော်ကြာမြင့်သည့် ကျောက်တော...

မန္တလေးမြို့က ကျောက်တော်ကြီးဘုရားပွဲတော်တွင် ပေးသွင်းရသည့်ဆိုင်ခန်းနေရာငှားရမ်းခဈေးနှုန်းများမြင့်တက်ခဲ့ကြောင်းဈေးသည်များကဆိုသည်။တစ်လကျော်ကြာမြင့်သည့် ကျောက်တော်ကြီးဘုရားပွဲတော်တွင် ဈေးရောင်းချရန်အတွက် ဘုရားဂေါပက အဖွဲ့ထံငှားရမ်းခပေးသွင်းရခြင်းဖြစ်ပါတယ်။ယခုနှစ်ဆိုင်ခန်းနေရာငှားရမ်းခများမှာ ၅ ပေပတ်လည်တစ်ခန်းလျှင် ငွေကျပ် ၅ သိန်းအထိပေးသွင်းရပြီး အဆိုပါဈေးနှုန်းမှာ ယမန်နှစ်ကထက် ၂ ဆကျော်ရှိနေပါတယ်။ဈေးကောက် ၃ ဦးကိုလည်း တစ်ရက်တာအတွက် တစ်ဦးကိုငွေကျပ် ၃၀၀၀ နှုန်းပေးဆောင်ရပြီး လျှပ်စစ်မီးသုံးစွဲမှုကိုလည်း မီးတစ်ပွင့်လျှင်ငွေကျပ် ၃၀၀၀ ကျပ်နှုန်းပေးဆောင်နေရကြောင်း ဈေးသည်များ ကဆိုသည်။ကျောက်တော်ကြီးပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၃ ရက်(အောက်တိုဘာလ ၄ ရက်)မှ လပြည့်ကျော် ၂ ရက်(အောက်တိုဘာလ ၈ ရက်)နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီးဈေးဆိုင်များမှာမူ လက်ရှိအချိန်ကတည်းကခင်းကျင်းရောင်းချလျက်ရှိပါတယ်။


news-view-count-icon

6