မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဥ်ပြိုင်ခွင့်ရခဲ့တဲ့ chess ချန်ပီယံလေးမောင်သာစစ်ဟာ ၉နှစ်အရွယ်ရှိပြီဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံက Chess ချန်ပီယံတွေထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။ သူဟာ လာမယ့် စက်တင်ဘာလ ၁၈ရက်ကနေ အောက်တိုဘာလ ၁ရက်နေ့အတွင်း ကာဇက်စတန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် FIDE World Cadet Chess Championships 2025 (U10) ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ယှဥ်ပြိုင်ခွင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်။သားလေးမောင်သာစစ်လေးအနေနဲ့ Chess အားကစားကို ယူ-ကျု-ကနေ လေ့လာခဲ့တယ်လို့ သိရပြီး U8 နဲ့ U9 မြန်မာအမျိုးသား Chess ချန်ပီယံအဖြစ် ၂၀၂၄ ခုနှစ် ၂၀၂၅ ခုနှစ် တို့မှာ ၂ နှစ် ဆက်တိုက် ရရှိခဲ့သူလည်းဖြစ်ပါတယ်။ဒါ့အပြင် အခြားပြည်ပပြိုင်ပွဲ တွေမှာလည်း ဆုအမြောက်အမြား ရရှိထားသူလည်းဖြစ်ပါတယ်။



